Posts
GPS တွင် မြေပုံအတွက် setting ထည့်ခြင်း
- Get link
- X
- Other Apps

GPS တွင် မြေပုံအတွက် Setting ထည့်ခြင်း ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အဓိက မြေပုံအမျိုးအစားနှစ်ခုရှိတယ်ပေါ့ဗျာ။ ပထမတစ်မျိုးက One Inch (၀ါ) Lambert လို့ခေါ်တဲ့ တစ်လက်မတစ်မိုင်စကေး မြေပုံအမျိုးအစားနဲ့ နောက်တစ်မျိုးက UTM မြေပုံအမျိုးအစားတွေဖြစ်ပါတယ်။ ဒီပို့စ်မှာတော့ မြေပုံနဲ့ တွဲသုံးတဲ့အခါ GPS မှာ Setting တွေ ဘယ်လိုထားမလဲဆိုတာပဲအဓိက ပြောကြတာပေါ့ဗျာ။ ၁။ One Inch (or) Lambert အတွက် မြန်မာနိုင်ငံကို အောက်ပုံမှာပြထားတဲ့အတိုင်း ဇုံသုံးခုခွဲထားပါတယ်။ မြန်မာနိုင်ငံအပေါ်ပိုင်းက IIB၊ အလယ်ပိုင်းက IIIB နဲ့ အောက်ပိုင်းကို IVB အဲ့လိုခွဲထားတယ်ဗျ။ ပုံမှာပြထားတဲ့အတိုင်း မုံရွာမြို့ရဲ့အထက်ဘက် 22°30' ရဲ့အပေါ်ဘက်ဟာ IIB ။ 22°30' နဲ့ 15°30' ရဲ့ကြားဟာ IIIB ။ 15°30' မိနစ်ရဲ့အောက် ရေးမြို့ရဲ့ အောက်ဘက်ခြမ်းရောင်သွားရင် IVB လို့သတ်မှတ်ပါတယ်။ ဆိုတော့ GPS ကိုအသုံးပြုမယ့်သူဟာ ဘယ်နေရာမှာသုံးမှာလဲဆိုတဲ့အပေါ်မူတည်ပြီး One inch အတွက် Grid Zone ကိုရွေးချယ်ပေးဖို့လိုပါတယ်။ နောက် ၉၆° လိုင်းရဲ့ အရှေ့ဘက်ခြမ်းဆိုရင် India Thailand Datum နဲ့ အနောက်ဘက်ကို India Bangladesh Datum...
Autodesk Software for Students, educators and educational instituions
- Get link
- X
- Other Apps

Pages - 8 File Size - 1 MB Geospatial data များကို ကိုင်တွယ်ရာတွင် ခေတ်မှီ open source softwareများ၊ Commercial softwareများ မြောက်မြားစွာရှိပါသည်။ open source software များကို သုံးစွဲရန် လွယ်ကူလှသော်လည်း commercial software များကို သုံးစွဲရန်အတွက်မူ students/ educators/ education institutions များအနေဖြင့် ဝယ်ယူသုံးစွဲရန် ခက်ခဲလှပါသည်။ ၎င်းတို့အထဲတွင် Auto CAD/ Auto CAD Civil 3D software များသည်လည်း အသုံးပြုရလွယ်ကူသကဲ့သို့ Geologistများ၊ Mining Engineer များ၊ GIS Technicianများ အနေဖြင့် ယနေ့အချိန်အထိ လက်မလွတ်တန်း ကိုင်တွယ်အသုံးပြုလျက်ရှိပါသည်။ ယခုအခါတွင် Autodesk Software Company အနေဖြင့် students/ educators/ education institutions ကို ရည်ရွယ်၍ Free download students version များကို သုံးနှစ်အထိ install လုပ်ကာ အသုံးပြုခွင့်ပေးထားပါသည်။ Software install လုပ်ပုံအဆင့်ဆင့်ကို အောက်ပါ link တွင် လေ့လာနိုင် ပါသည်။ Downlink - Mediafire
MapSource 6.15.7
- Get link
- X
- Other Apps

MapSource 6.15.7 MapSource 6.15.7 File Size (107) MB Coordinate များကို UTM, Lambert, Lat/Lon များပြောင်းခြင်း Garmin GPS ထဲမှ Data များကို ကွန်ပြူတာထဲသို့ received ပြုလုပ်ခြင်း ကွန်ပြူတာထဲမှ Data များကို GPS သို့ send ပြုလုပ်ခြင်းစတာတွေကို ပြုလုပ်နိုင်ပါတယ်။ Install ပြုလုပ်ရန် ၁. rar ဖိုင်ကို extract အရင်လုပ်ပါ။ ၂. Folder ထဲမှာပါတဲ့ exe ဖိုင်ကိုအရင် install လုပ်ပါ။ ၃. Folder အပြင်က exe ဖိုင်ကို install လုပ်ပါ။ အောက်ကလင့်မှာ ဒေါင်းနိုင်ပါတယ်။ download link Special Thanks - Khin Zaw Hein